စိတ်ဖိစီးမှုများခြင်း၊ အစားအသောက် ပုံမှန်မစားခြင်း၊ မသန့်ရှင်းတဲ့ အစားအစာများ စားမိခြင်းတို့နဲ့ အပူအစပ်များများ စားမိတဲ့အခါ အစာအိမ်ရောင်ခြင်း၊ နာခြင်းတို့ဖြစ်တတ်ပါတယ်။

အစာအိမ်ရောဂါအစပျိုးခြင်း လက္ခဏာတွေကတော့ …

👉လေထိုးလေအောင့်ခြင်း

👉ပျို့အန်ခြင်း

👉အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း

👉အစားအသောက်ပျက်ခြင်း

👉အစားစားလျှင် ဗိုက်အောင့်ခြင်း

👉ကိုယ်အလေးချိန်ကျခြင်း … တို့ဖြစ်တတ်ပါတယ်။

ပြင်းထန်တဲ့ အစာအိမ်ရောင်ခြင်း၊ နာခြင်းအဆင့်အထိ မရောက်အောင် ဒီလိုလက္ခဏာတွေစဖြစ်ပြီဆိုတာနဲ့ ဆေးရုံ၊ ဆေးခန်းပြသဖို့ လိုအပ်ပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးဝါးများပုံမှန်သောက်ပြီး အစာအိမ်ရောင်ခြင်း၊ အစာအိမ်ပိုးဝင်ခြင်းတို့နဲ့ ပြင်းထန်တဲ့ အစာအိမ်အနာနဲ့ အစာအိမ်ကင်ဆာ စတဲ့ နောက်ဆက်တွဲ အစာအိမ်ရောဂါများ မဖြစ်အောင် အောက်ပါအချက်များကို ရှောင်ကြဉ်သင့်ပါတယ်။

❌အပူအစပ်လွန်ကဲတဲ့ အစားအစာများ စားခြင်း၊

❌ဆီများတဲ့ အစားအစာများ၊ ဆီကြော်မုန့်များ စားခြင်း

❌ကွမ်း၊ ဆေးလိပ်၊ အရက်သောက်ခြင်း

❌ရင်ပြည့်ရင်ကယ်ဖြစ်တဲ့အထိ အစားများများ စားခြင်း

အထက်ပါအချက်များကို ရှောင်ကြဉ်ရမယ့်အပြင် အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာရေးအတွက် အချိန်မှန်စားကာ ကိုယ်လက်လှုပ်ရှား အားကစားလုပ်ရပါမယ်။ စိတ်ဖိစီးမှုနည်းအောင် နေပြီး နေ့စဉ် အိပ်ရေးဝအောင် အိပ်စက်ရပါမယ်။

အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးအတွက် တိုင်ပင်ဆေးနွေးချင်တယ်ဆိုရင်တော့ 𝐂𝐚𝐫𝐞 𝐃𝐢𝐚𝐫𝐲 မှ တာဝန်ခံဆရာဝန်များကိုယ်တိုင် ပြန်လည်ဖြေကြားဆွေးနွေးပေးသွားမှာ ဖြစ်လို့ သိရှိလိုတဲ့အချက်များကို မေးမြန်းဖို့ Comment or Chat Box ကို လာရောက်ဖို့ ဖိတ်ခေါ်ပါရစေ။