အရင်ကတည်းက ဆိုင်မှာ ဒီအတိုင်းရောင်းနေတာ အဆင်ပြေနေတာပဲ။

𝗣𝗢𝗦 𝗦𝘆𝘀𝘁𝗲𝗺 ကို ဘာကြောင့် သုံးရမှာလဲ။ ဆိုင်အတွက် ဘယ်လိုကောင်းကျိုးတွေရမလဲဆိုတာ သိချင်နေတဲ့ မိတ်ဆွေတွေအတွက် 𝗣𝗢𝗦 𝗦𝘆𝘀𝘁𝗲𝗺 ရဲ့အသုံးဝင်ပုံကို အသေးစိတ်ပြောပြပေးသွားမှာပါ။

#Data_အချက်အလက်သိမ်းဆည်းမှုအတွက်_လုံခြုံစိတ်ချရခြင်း

လစဉ်/နှစ်စဉ် အရောင်းစာရင်း၊ အမြတ်ဝင်ငွေစာရင်း၊ ကုန်ပစ္စည်းအဝင်အထွက်စာရင်းတွေစတဲ့ ဆိုင်ရဲ့အရေးကြီးအချက်အလက်တွေကို အခွင့်မရှိဘဲ သူများက အလွယ်တကူဝင်ရောက်ကြည့်ရှုလို့မရပါဘူး။ လုံခြုံရေးစနစ် ထည့်သွင်းထားလို့ Hack ပြီး Data အချက်အလက်တွေကို အလွယ်တကူခိုးယူလို့မရနိုင်ပါဘူး။

Data အချက်အလက်တွေကို အရန် #Back_up ထားပြီး လုံခြုံမှုအပြည့်အဝရှိချင်တယ်ဆိုရင်တော့ Cloud-Based 𝗣𝗢𝗦 𝗦𝘆𝘀𝘁𝗲𝗺 ကို အသုံးပြုသင့်ပါတယ်။ Care Diary ရဲ့ Cloud-Based Point of sale ကို အသုံးပြုခြင်း အားဖြင့် နေ့စဉ် ဝင်လာသမျှ စာရင်းအချက်အလက်တွေကို အလိုအလျှောက်သိမ်းဆည်းထားမှာ ဖြစ်လို့ အချိန်မရွေးပြန်လည်ကြည့်ရှုလို့ရပါတယ်။ စာရင်းတွေကို ဘောက်ချာစာအုပ်နဲ့ မှတ်ထားမိလို့ စာအုပ်ပျောက်တာမျိုး မီးလောင်တာမျိုးတို့ကိုလည်း စိတ်ပူစရာအကြောင်းလည်း မရှိတော့ပါဘူး။

#ကုန်ကျစရိတ်သက်သာပြီး_စီမံခန့်ခွဲမှုပိုင်းမှာ_အားသာခြင်း

လက်လီ/ လက်ကားဆိုင်တွေအနေနဲ့ 𝗣𝗢𝗦 𝗦𝘆𝘀𝘁𝗲𝗺 ရဲ့ Management Functions အမျိုးမျိုးအရ ဆိုင်ခွဲဘယ်လောက်များများ ဝန်ထမ်းတွေကို လိုအပ်တဲ့နေရာမှာ တာဝန်သတ်မှတ်ခွဲဝေပေးနိုင်တာကြောင့် လုပ်အားအလေအလွင့်မရှိတော့ဘဲ စရိတ်သက်သာစေပါတယ်။ လချုပ်၊ နှစ်ချုပ်အရောင်းစာရင်းတွေ၊ အရှုံးအမြတ်စာရင်းတွေအတွက် ဝန်ထမ်းကိုတာဝန်ပေးပြီး Reporting တွေထုတ်ခိုင်းစရာမလိုဘဲ ကိုယ်တိုင် 24/7 #Up_To_Date ကို စစ်ဆေးကြည့်နိုင်ပါတယ်။

နေ့စဉ် ကုန်ဈေးနှုန်းအပြောင်းအလဲနဲ့ ဈေးကွက်ရဲ့လိုအပ်ချက်ကို အမှီလိုက်နိုင်အောင် လုပ်ငန်းရှင်ရဲ့ Main 𝗣𝗢𝗦 𝗦𝘆𝘀𝘁𝗲𝗺 ကနေ လုပ်ဆောင်တဲ့ ဈေးနှုန်းအပြောင်းအလဲတွေ၊ ပရိုမိုးရှင်းအစီအစဉ်တွေဟာ ဆိုင်ခွဲအသီးသီးဆီကို အချိန်နဲ့တစ်ပြေးညီ Update ရောက်ရှိသွားမှာဖြစ်ပါတယ်။

#ဝန်ဆောင်မှုပိုကောင်းမွန်ခြင်း

𝗣𝗢𝗦 𝗦𝘆𝘀𝘁𝗲𝗺 နဲ့ဆိုရင် ဝယ်သူဘယ်လောက်များများ၊ အဝယ်စာရင်းဘယ်လောက်များများ ပစ္စည်းပမာဏအလိုက် စုစုပေါင်းဈေးနှုန်းကို တွက်ချက်ပြီး ငွေပြေစာပါ တစ်ခါတည်းထုတ်ပေးနိုင်တာကြောင့် ဝယ်သူတွေဟာ ငွေရှင်းကောင်တာမှာ ကြာရှည်စောင့်ဆိုင်းစရာမလိုတော့ပါဘူး။

ဝယ်သူတွေရဲ့အမည်၊ ဖုန်းနံပါတ် စတဲ့ Customer Data အချက်အလက်တွေကို 𝗣𝗢𝗦 𝗦𝘆𝘀𝘁𝗲𝗺 ထဲမှာ သိမ်းဆည်းထားနိုင်တာကြောင့် Market Data ကို အလိုအလျှောက်ကောက်ယူပြီးသား ဖြစ်သလို ဝယ်နေကျဖောက်သည်တွေအတွက်လည်း ပရိုမိုးရှင်းအစီအစဉ်များ လုပ်ဆောင်ပေးနိုင်ပါတယ်။

အထက်ပါအကျိုးကျေးဇူးများအပြင် 𝗣𝗢𝗦 𝗦𝘆𝘀𝘁𝗲𝗺 အသုံးပြုခြင်းကြောင့် အခြားကောင်းကျိုးများစွာလည်း ရှိပါသေးတယ်။ ဆေးဆိုင်တွေအတွက် အကျိုးစီးပွားဖြစ်ထွန်းစေနိုင်မယ့် Care Diary ရဲ့ 𝗣𝗢𝗦 𝗦𝘆𝘀𝘁𝗲𝗺 ကို အသေးစိတ်သိရှိလိုပါက Comment ( or) Chat Box ကို လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်။