နေ့စဉ်များပြားလှတဲ့ လုပ်ဆောင်မှုတွေကြားမှာ လူတွေဟာအသားအရေထိန်းသိမ်းဖို့ကို မေ့လျော့နေတတ်ကြပါတယ်
အချိန်လွန်မှသိတဲ့အခါ အရေပြားပြဿနာတွေကြောင့် ငွေလဲကုန် စိတ်ဒုက္ခလဲရောက်ရတွေဖြစ်လာနိုင်ပါတယ်

အသားအရေထိန်းသိမ်းခြင်းဖြင့် အပြင်ပိုင်းရုပ်ရည်သွင်ပြင်ကောင်းမွန်ခြင်းသာမကဘဲ မိမိကိုယ်က်ိုယုံကြည်ချက်အပြည့်အဝရရှိစေတာကြောင့် အလုပ်မှာသာမက လူမှုပေါင်းသင်းဆက်ဆံရေးမှာပါ အဆင်ပြေမှုတွေရနိုင်ပါတယ်

Skincare လုပ်ခြင်းဟာ self-love, self-care
တစ်မျိုးပါဘဲ
တစ်နေကုန်လှုပ်ရှားသွားလာရတယ် အလုပ်တွေကြိုးစားလုပ်ကိုင်ရတယ် အဲ့လိုကြိုးစားလုပ်ကိုင်ရတဲ့အတွက် ကိုယ်ကိုကိုယ်လှပအောင် skincare product တွေဝယ်ယူသုံးစွဲပြီးအသားအရေထိန်းသိမ်းမှုလုပ်ခြင်းဖြင့် ဆုချသင့်ပါတယ်

အဲ့လိုဝယ်တဲ့အခါမှာလဲ သူများတွေကောင်းတယ်ဆိုတိုင်း စျေးကြီးတိုင်း လိုက်မဝယ်ဘဲ ကိုယ့် budget နဲ့လဲအဆင်ပြေမဲ့ ကိုယ့်အသားအရေအမျိုးအစားနဲ့လဲအဆင်ပြေမဲ့ skincare product လေးတွေရွေးချယ်သုံးစွဲသင့်ပါတယ်

အရိုးရှင်းဆုံးနဲ့ အကုန်အကျအသက်သာဆုံးဖြစ်တဲ့အခြေခံအချက်လေးတစ်ခုဖြစ်တဲ့ နေ့တိုင်း sunscreen သုံးဖို့လဲမမေ့ပါနဲ့

အိပ်ရေးဝဝအိပ်တာ၊ ရေလုံလောက်စွာသောက်သုံးတာ၊ အာဟာပြည့်ဝစွာအစားအစာစားသုံးတာ၊ လေ့ကျင့်ခန်းလုပ်တာ ၊စိတ်ဖိစီးမှုလျော့နည်းအောင် တရားထိုင်တာ အသက်ရှူလေ့ကျင့်ခန်းလုပ်တာတွေဟာလဲ လူရောစိတ်ပါကျန်းမာစေပါတယ်