Skincare as self-care

နေ့စဉ်များပြားလှတဲ့ လုပ်ဆောင်မှုတွေကြားမှာ လူတွေဟာအသားအရေထိန်းသိမ်းဖို့ကို မေ့လျော့နေတတ်ကြပါတယ်အချိန်လွန်မှသိတဲ့အခါ အရေပြားပြဿနာတွေကြောင့် ငွေလဲကုန် စိတ်ဒုက္ခလဲရောက်ရတွေဖြစ်လာနိုင်ပါတယ် အသားအရေထိန်းသိမ်းခြင်းဖြင့် အပြင်ပိုင်းရုပ်ရည်သွင်ပြင်ကောင်းမွန်ခြင်းသာမကဘဲ မိမိကိုယ်က်ိုယုံကြည်ချက်အပြည့်အဝရရှိစေတာကြောင့် အလုပ်မှာသာမက လူမှုပေါင်းသင်းဆက်ဆံရေးမှာပါ အဆင်ပြေမှုတွေရနိုင်ပါတယ် Skincare လုပ်ခြင်းဟာ self-love, self-careတစ်မျိုးပါဘဲတစ်နေကုန်လှုပ်ရှားသွားလာရတယ် အလုပ်တွေကြိုးစားလုပ်ကိုင်ရတယ် အဲ့လိုကြိုးစားလုပ်ကိုင်ရတဲ့အတွက် ကိုယ်ကိုကိုယ်လှပအောင် skincare product တွေဝယ်ယူသုံးစွဲပြီးအသားအရေထိန်းသိမ်းမှုလုပ်ခြင်းဖြင့် ဆုချသင့်ပါတယ် အဲ့လိုဝယ်တဲ့အခါမှာလဲ သူများတွေကောင်းတယ်ဆိုတိုင်း စျေးကြီးတိုင်း လိုက်မဝယ်ဘဲ ကိုယ့် budget နဲ့လဲအဆင်ပြေမဲ့ ကိုယ့်အသားအရေအမျိုးအစားနဲ့လဲအဆင်ပြေမဲ့ skincare product လေးတွေရွေးချယ်သုံးစွဲသင့်ပါတယ် အရိုးရှင်းဆုံးနဲ့ အကုန်အကျအသက်သာဆုံးဖြစ်တဲ့အခြေခံအချက်လေးတစ်ခုဖြစ်တဲ့ နေ့တိုင်း sunscreen သုံးဖို့လဲမမေ့ပါနဲ့

𝗛𝗲𝗮𝗹𝘁𝗵 𝗶𝘀 𝗻𝗼𝘁 𝘃𝗮𝗹𝘂𝗲𝗱 𝘂𝗻𝘁𝗶𝗹 𝘀𝗶𝗰𝗸𝗻𝗲𝘀𝘀 𝗰𝗼𝗺𝗲 ( အာရောဂျံ ပရမံ လာဘံ )

လူတွေဟာ ဖျားနာနေမကောင်း ဖြစ်တဲ့အခါမှသာ ကျန်းမာခြင်းရဲ့တန်ဖိုးကို နားလည်ခံစားတတ်လေ့ရှိကြပါတယ်။ ကျန်းမာခြင်းဆိုတဲ့ အကြောင်းတရားမှာ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ခြင်းသည်သာမက စိတ်လည်း ကျန်းမာပျော်ရွှင်နေမှ ကျန်းမာရေးသုခကို အပြည့်အဝခံစားရမှာပါ။ ဒါကြောင့် ကာယသုခ စိတ္တသုခနဲ့ ပြည့်စုံခြင်းသည် လောကမှာ ဘယ်အရာနဲ့မှ မလဲနိုင်တဲ့ အဖိုးထိုက်တန်ဆုံး လာဘ်ကြီးတစ်ပါးလို့ ဆိုနိုင်ပါတယ်။

အစာအိမ်ရောဂါ မဖြစ်အောင် ရှောင်ကြဉ်ရမည့်အချက်မျာ

စိတ်ဖိစီးမှုများခြင်း၊ အစားအသောက် ပုံမှန်မစားခြင်း၊ မသန့်ရှင်းတဲ့ အစားအစာများ စားမိခြင်းတို့နဲ့ အပူအစပ်များများ စားမိတဲ့အခါ အစာအိမ်ရောင်ခြင်း၊ နာခြင်းတို့ဖြစ်တတ်ပါတယ်။ အစာအိမ်ရောဂါအစပျိုးခြင်း လက္ခဏာတွေကတော့ … လေထိုးလေအောင့်ခြင်း ပျို့အန်ခြင်း အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း အစားအသောက်ပျက်ခြင်း အစားစားလျှင် ဗိုက်အောင့်ခြင်း ကိုယ်အလေးချိန်ကျခြင်း … တို့ဖြစ်တတ်ပါတယ်။ ပြင်းထန်တဲ့ အစာအိမ်ရောင်ခြင်း၊ နာခြင်းအဆင့်အထိ မရောက်အောင် ဒီလိုလက္ခဏာတွေစဖြစ်ပြီဆိုတာနဲ့ ဆေးရုံ၊ ဆေးခန်းပြသဖို့ လိုအပ်ပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးဝါးများပုံမှန်သောက်ပြီး အစာအိမ်ရောင်ခြင်း၊ အစာအိမ်ပိုးဝင်ခြင်းတို့နဲ့ ပြင်းထန်တဲ့ အစာအိမ်အနာနဲ့ အစာအိမ်ကင်ဆာ စတဲ့ နောက်ဆက်တွဲ

အာရုံကြောအားနည်းခြင်းအကြောင်း သိကောင်းစရာအဖြာဖြာ

ရေချိုးချိန်ကြာမြင့်ခြင်း၊ အအေးခံလွန်းခြင်းတို့ကြောင့် မဟုတ်ဘဲ ရုတ်တရက် ခြေလက်များ နာကျင်ပြီး ထုံကျဉ်ကာ လက်ချောင်း ခြေချောင်းတွေ မလှုပ်ရှားနိုင်တော့ဘူးဆိုရင် အာရုံကြောအားနည်းတဲ့ လက္ခဏာဖြစ်လို့ မပေါ့ဆသင့်ပါဘူး။ အာရုံကြောအမျိုးအစားတွေကတော့ အရေပြားမှ တစ်ဆင့် ပူခြင်း၊ နာခြင်း၊ ထိတွေ့မှုကို သိရှိခြင်း စတဲ့အာရုံခံ အာရုံကြောများ၊ ကြွက်သားလှုပ်ရှားမှုကို ထိန်းချုပ်ပေးတဲ့ အာရုံကြောများနဲ့ ဆီးဝမ်းသွားခြင်း၊ နှလုံးခုန်နှုန်းစတာတွေကို အလိုအလျောက်လုပ်ဆောင်ပေးတဲ့ အာရုံကြောစနစ်အမျိုးမျိုးရှိပါတယ်။ ဒါကြောင့် ဉီးနှောက်နဲ့ အာရုံကြောမကြီးကနေ အာရုံခံစားမှုအချက်အလက်တွေကို တခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေဆီ သတင်းပို့ပေးတဲ့ အာရုံကြောတွေ အားနည်းပျက်စီးတဲ့အခါ အာရုံကြောအားနည်းခြင်းရောဂါဖြစ်တတ်ပါတယ်။ အာရုံကြောအားနည်းစေတဲ့ အကြောင်းအရင်းတွေကတော့