ရေချိုးချိန်ကြာမြင့်ခြင်း၊ အအေးခံလွန်းခြင်းတို့ကြောင့် မဟုတ်ဘဲ ရုတ်တရက် ခြေလက်များ နာကျင်ပြီး ထုံကျဉ်ကာ လက်ချောင်း ခြေချောင်းတွေ မလှုပ်ရှားနိုင်တော့ဘူးဆိုရင် အာရုံကြောအားနည်းတဲ့ လက္ခဏာဖြစ်လို့ မပေါ့ဆသင့်ပါဘူး။

အာရုံကြောအမျိုးအစားတွေကတော့ အရေပြားမှ တစ်ဆင့် ပူခြင်း၊ နာခြင်း၊ ထိတွေ့မှုကို သိရှိခြင်း စတဲ့အာရုံခံ အာရုံကြောများ၊ ကြွက်သားလှုပ်ရှားမှုကို ထိန်းချုပ်ပေးတဲ့ အာရုံကြောများနဲ့ ဆီးဝမ်းသွားခြင်း၊ နှလုံးခုန်နှုန်းစတာတွေကို အလိုအလျောက်လုပ်ဆောင်ပေးတဲ့ အာရုံကြောစနစ်အမျိုးမျိုးရှိပါတယ်။

ဒါကြောင့် ဉီးနှောက်နဲ့ အာရုံကြောမကြီးကနေ အာရုံခံစားမှုအချက်အလက်တွေကို တခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေဆီ သတင်းပို့ပေးတဲ့ အာရုံကြောတွေ အားနည်းပျက်စီးတဲ့အခါ အာရုံကြောအားနည်းခြင်းရောဂါဖြစ်တတ်ပါတယ်။

အာရုံကြောအားနည်းစေတဲ့ အကြောင်းအရင်းတွေကတော့ …

👉 ထိခိုက်ဒဏ်ရာရခြင်း၊ ဖျားနာခြင်း

👉 ရောဂါပိုးဝင်ခြင်း

👉 အရက်သောက်ခြင်း

👉 အာဟာရမပြည့်ဝခြင်း

👉 အချို့ဆေးဝါးများနဲ့ ဓာတ်မတည့်ခြင်း

👉 မိဘမျိုးရိုးလိုက်သည့် ရောဂါအခံများရှိခြင်း

👉 ဆီးချို သွေးချိုရောဂါရှိခြင်း

👉 ကျောက်ကပ်မကောင်းခြင်း စတဲ့အချက်အလက်များကြောင့် ဖြစ်နိုင်ပါတယ်။

မိမိမိသားစုဝင်ပဲဖြစ်ဖြစ် မိမိကိုယ်တိုင်ပဲဖြစ်ဖြစ် အောက်ပါလက္ခဏာများထဲက တစ်ခုမဟုတ် တစ်ခုခံစားနေရပြီဆိုတာနဲ့ အာရုံကြောအားနည်းခြင်း ဖြစ်နိုင်ခြေများတာကြောင့် ဆရာဝန်နဲ့ ချက်ချင်းပြသဖို့ လိုပါတယ်။

➡️အပူအအေး မမျှတခြင်း

➡️ဆီးဝမ်း မထိန်းနိုင်ခြင်း

➡️အသက်ရှူရခက်ခဲပြီး နှလုံးခုန်နှုန်း မူမမှန်ခြင်း

➡️ခြေဖျား လက်ဖျားများ ထုံကျဉ်ပြီး ခြေလက်များ လှုပ်ရှားနိုင်စွမ်းမရှိခြင်း

➡️ခန္ဓာကိုယ်ကြွက်သားများ အားနည်းပြီး ခြေလက်များ လေးလံခြင်း

➡️မကြာခဏ သွေးပေါင်ချိန် အတက်အကျဖြစ်ခြင်းကြောင့် ခေါင်းမူး ခေါင်းကိုက်ခြင်း

➡️ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ချို့ အာရုံခံစားနိုင်စွမ်း မရှိတော့တာကြောင့် ထိခိုက်မှုဖြစ်လျှင်လည်း နာကျင်မှုကို မခံစားရခြင်း …… စတဲ့ရောဂါလက္ခဏာများ ခံစားရပြီဆိုရင် အချိန်မှီ ဆေးဝါးကုသမှု ခံယူဖို့ လိုပါတယ်။

မိမိကိုယ်တိုင်နဲ့ ချစ်ရတဲ့ မိသားစုမိတ်ဆွေတွေ သက်ရှည်ကျန်းမာအောင် စောင့်ရှောက်ပေးနိုင်ဖို့ ကျန်းမာရေးအသိ/ သတိရှိဖို့ လိုပါတယ်။

ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဆောင်ရန် ရှောင်ရန်အချက်အလက်တွေကို Care Diary မှ ဆက်လက်ဝေမျှပေးသွားမှာဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်လို့ Care Diary မှ တာဝန်ခံဆရာဝန်များကိုယ်တိုင် တိုင်ပင်ဆွေးနွေးပေးသွားမှာဖြစ်လို့ Comment or Chat Box ကို လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်။