အမျိုးအမည်ကွဲပြားပြီး များပြားလွန်းတဲ့ဆေးဝါးတွေကို SKU, Bar Code Scanner မှာ အလွယ်တကူရှာတွေ့နိုင်အောင် ဆေးဝါးအမည်၊ ထုတ်လုပ်တဲ့နိုင်ငံ၊ တင်သွင်းတဲ့ကုမ္ပဏီအမည်နဲ့ Expired Date အလိုက် မှတ်သားထားကာ ခွဲခြားစာရင်းသွင်းနိုင်သလို ဈေးနှုန်းကိုပါ တစ်ပါတည်း ထည့်သွင်းလို့ရပါတယ်။
Cloud-based System ဖြစ်တာကြောင့် အမြဲပြောင်းလဲနေတဲ့ ကုန်ဈေးနှုန်းပေါ်မူတည်ကာ ဆေးဝါးတွေရဲ့ဈေးနှုန်းတွေကိုလည်း လက်ရှိပေါက်ဈေးအတိုင်း အလွယ်တကူပြောင်းလဲနိုင်ပြီး Receipt, Voucher တွေပါ ထုတ်ပေးနိုင်ပါတယ်။
ဒါတင်မက ဆိုင်မှာ အရောင်းသွက်တဲ့ ဆေးဝါးတွေ၊ ဆေးပစ္စည်းတွေ အရေအတွက် လျှော့နည်းနေပြီဆိုလျှင်လည်း POS System မှ အသိပေးချက်ထွက်ပေါ်လာတာနဲ့ ပစ္စည်းမပြတ်အောင် အချိန်မှီဖြည့်ဆည်းနိုင်ပါလိမ့်မယ်။
ဒီလောက်အသုံးဝင်တဲ့ POS System အကြောင်းကို အသေးစိတ်သိရှိလိုပါက Care Diary ရဲ့ Chat Box ကိုလာရောက်ဖို့ ဖိတ်ခေါ်ပါရစေ။